Vanda_ဗန်ဒါသစ်ခွ————————- (Vanda)ဗန်ဒါဆိုတဲ့စကားလုံးဟာ သက္ကတ(Sanskrit)ဘာသာမှ ဆင်းသက်လာတဲ့စကားလုံးပါ။ အဓိပ္ပာယ်အားဖြင့် “သစ်ကပ်ပင်”လို့ခေါ်ပါတယ်။ အိန္ဒိယ၊မြန်မာ၊သီရိလင်္ကာနိုင်ငံတို့မှာ ပေါက်တဲ့Vanda tesselataမျိုးကို စတင်တွေ့ရာကနေ ခေါ်ဝေါ်ခဲ့ခြင်းဖြစ်တယ်။ ဆိုတော့ကာ ဗန်ဒါသစ်ခွရဲ့ မူရင်းဇာတိဟာ အာရှတိုက် အပူပိုင်းဒေသဖြစ်လို့ အပူကြိုက်တဲ့အပင်ထဲ ပါပါတယ်။ #မတူကွဲပြား_ဗန်ဒါအမျိုးအစား ဗန်ဒါမျိုးစုမှာ မျိုးစိတ်ပေါင်း ၈၀လောက် ရှိပါတယ်။ အဲ့ထဲကမှ ကျွန်တော်တို့နဲ့ရင်းနီးပြီးသား မျိုးစိတ်တွေကတော့ TMAတို့ ၊ မိုကာရာတို့ပဲ ဖြစ်ပါတယ်။အရွက်ပုံသဏ္ဌာန်ကိုကြည့်ပြီး အုပ်စုသုံးစုခွဲလို့ရပါတယ်။ (၁)ရွက်ပြားဗန်ဒါအုပ်စု(Strap leaf Vanda) အရွက်ပြားပြီး အသားထူတယ်။ အရွက်ရဲ့အရင်း ပိုင်းဟာ ပင်စည်မှာ V shapeရှိတယ်။ (၂)ရွက်လုံးဗန်ဒါ (Terete leaf Vanda) အရွက်တွေဟာ ခဲတံလုံးလို လုံးပြီး အဖျားချွန်တယ်။ အရွက်ကို ကန့်လန့်ဖြတ်ကြည့်ရင် လုံး၀န်းနေမယ်။ (၃)အရွက် မလုံးတလုံး၊မပြားတပြား🙄(Semi TereteContinue reading “Vanda-ဗန်ဒါသစ်ခွ”
Author Archives: Myanmar Agriculture
Dendrobium – ဒန်တိုသစ်ခွ
Dendrobiumဒန်ဒရိုသစ်ခွ 1️⃣ဒန်ဒရိုသစ်ခွဖြစ်ပေါ်လာပုံ2️⃣စိုက်ပျိုးနည်း3️⃣ကိုင်းဖြတ်များကို မျိုးပွားယူနည်း4️⃣အပင်ပေါက်လေးတွေ စိုက်ပျိုးနည်း5️⃣မတူကွဲပြား #မြန်မာ့ဒန်ဒရိုအမျိုးအစားများ 1️⃣#ဒန်ဒရိုသစ်ခွဖြစ်ပေါ်လာပုံ ဒန်ဒရိုသစ်ခွကို ၁၇၉၉ခုနှစ်မှာ Olof Swartzဆိုတဲ့သူက စတင်တွေ့ရှိခဲ့ပါတယ်။Dendrobium(ဒန်ဒရိုဘီယမ်)ဆိုတာ ရှေးဂိရိဘာသာစကား dendron(ဒန်ဒရွန်)နဲ့bios(ဘိုင်အိုစ်)နဲ့ပေါင်းထားတာပါ။ dendronက “Treeသစ်ပင်”လို့ အဓိပ္ပာယ်ရပြီး biosကတော့ “Lifeသက်ရှိ၊အသက်ရှင်ခြင်း”လို့ အဓိပ္ပာယ်ရပါတယ်။နှစ်ခုပေါင်းတော့ epiphytic…. သစ်ပင်တွေပေါ်မှာကပ်ပေါက်တဲ့အပင်ပေါ့။ ဒန်ဒရိုမှာမျိုးစိတ်ပေါင်း၁၈၀၀ကျော်ရှိပါတယ်။😲 အာရှနဲ့ ပစိဖိတ်ဒေသတစ်ခွင်မှာ အများဆုံးပေါက်ရောက်ရှင်သန်ကြပါတယ်။#မြန်မာနိုင်ငံမှာပေါက်တဲ့ဒန်ဒရိုအမျိုးအစား၃၉ပင်ထိရှိပါတယ်။ပုံများနဲ့တစ်ကွဖော်ပြပေးပါမယ်ဗျ❤️။ 2️⃣#စိုက်ပျိုးနည်း (၁)#ပျိုးခံအိုးဒန်ဒရိုရဲ့အမြစ်ဟာ ဘေးကို အရမ်းကြီးဆန့်မထွက်တာမို့ အိုးအသေးနဲ့စိုက်ပျိုးနိုင်ပါတယ်။ အမြစ်အုံနဲ့အိုးရဲ့နှုတ်ခမ်းကြားမှာ တစ်လက်မထက် မပိုတဲ့ အိုးကိုရွေးချယ်ရပါမယ်။ဆိုလိုတာက အမြစ်အုံနဲ့ အိုးရဲ့ဘေးနဲ့ ကြားမှာ နေရာလွတ်က တစ်လက်မခြားပေါ့။သူက နေရာကြပ်ကြပ်ကိုပိုပြီး ကြိုက်ပါတယ်။ (၂)#ပွားစာ (သေချာဖတ်ရန်)အုန်းခွံနဲ့စိုက်တာက ပိုကောင်းပါတယ်။အုန်းခွံကို ပရမ်းပတာ မထည့်ပါနဲ့😕။တည့်တည့်မတ်မတ်ထောင်ထည့်ပါ။ဒါမှ အပင်လဲ မတ်မယ်။အတက်သစ်ထွက်ရလည်း လွယ်ကူမယ်။ပွားစာနဲ့အပင်ကို အိုးထဲမှာ ခပ်ကြပ်ကြပ်စိုက်ပါ။ချောင်နေရင် အမြစ်သစ်ထွက်တာနှေးပြီး အပင်လှုပ်ရင် အမြစ်အသစ်တွေ ကျိုးတတ်၊ပျက်စီးတတ်လို့ပါ။#ဒါဟာတခြားသောသစ်ခွတွေနဲ့မတူတဲ့အချက်လေးပါ။Continue reading “Dendrobium – ဒန်တိုသစ်ခွ”
သစ်ခွစိုက်ပျိုးနည်းအစုံ
သစ်ခွပြုစုပျိုးထောင်နည်းအစုံ သစ်ခွအတွက် အရေးအကြီးဆုံးတွေက နေရောင်နဲ့ရေ ပါပဲဗျ။ ကဲ ပထမဦးဆုံး1️⃣#နေရောင်ခြည်နဲ့ပတ်သက်သာအရင်ပြောရအောင်။ 🔶သစ်ခွတစ်ပင်ကြီးထွားဖို့အတွက် အခက်အခဲဆုံးတွေထဲက တစ်ခုကတော့ မှန်ကန်တဲ့နေရောင်ခြည်ပမာဏကို ရရှိအောင်လုပ်ပေးဖို့ပါပဲ။ တချို့သစ်ခွတွေကြတော့ တိုက်ရိုက်နေရောင်မလိုပြန်ဘူး။🔶အကောင်းဆုံးနည်းကတော့ နေထွက် နေ၀င်ဖြစ်တဲ့ အရှေ့နဲ့အနောက်က ပြတင်းပေါက်တွေမှာ ထားလိုက်ရုံပါပဲ။ဒါဆို အရှေ့အရပ်မှာထားတဲ့အပင်က နေ အနောက်ရောက်သွားရင် နေဒဏ်ထိမှာ မပူရတော့ဘူးလေ။🔶အရွက်လေးတွေ ညိုးလာပြီဆိုရင်တော့ (ညိုပုပ်ရောင်)ဒါဟာနေအပူရှိန်လွန်ပြီး နေပူလောင်တာပေါ့။အဲ့ဒီအချိန်ကျရင် တိုက်ရိုက်နေရောက်မရနိုင်တဲ့နေရာမှာ အပင်ကို ရွေ့ထားဖို့ လိုပါပြီ။ 2️⃣#ဘယ်လိုရေလောင်းပေးမလဲ။ မမှန်မကန်ရေလောင်းမိတာဟာ တခြားအကြောင်းအရာတွေထက် သစ်ခွပင်လေးတွေကို ပိုသေစေနိုင်ပါတယ်။ရေလောင်းတာက မရှုပ်ထွေးပါဘူး။ဒါပေမယ့် အိမ်မှာရှိတဲ့တခြားအပင်တွေကို ရေလောင်းသလိုတော့ သစ်ခွကို ရေမလောင်းမိပါစေနဲ့။ ဘယ်လိုရေလောင်းရမလဲသိဖို့အတွက် အရင်ဆုံး သစ်ခွပင်ရဲ့အမြစ်တွေအကြောင်း သိဖို့လိုအပ်ပါတယ်ဗျ။✅#သစ်ခွရဲ့အမြစ်တွေကို Velamenလို့ခေါ်တဲ့ သစ်သျူးအလွှာပါးလေးနဲ့ ဖုံးထားပါတယ်။ဒီအလွှာပါးလေးရဲ့လုပ်ဆောင်ချက်က✅ရေတွေအများကြီးကို မြန်မြန်စုပ်ပေးနိုင်တယ်။✅သစ်ခေါက်တွေလို ကြမ်းတမ်းတဲ့ မျက်နှာပြင်မှာ တွယ်ကပ်ပေးနိုင်တယ်။✅အဟာရဓာတ်တွေ၊ဆားဓာတ်တွေကို ဖလှယ်ပေးနိုင်တယ်။✅ရေတိုင်းတဲ့မီတာလိုပဲ သစ်ခွရေလိုနေပြီဆိုတာအချက်ပြပေးတယ်။✅ခြောက်သွေ့တဲ့velamenက အဖြူရောင်နဲ့ငွေရောင်။ရေ၀နေတဲ့ဟာကContinue reading “သစ်ခွစိုက်ပျိုးနည်းအစုံ”