သစ်ခွပြုစုပျိုးထောင်နည်းအစုံ
သစ်ခွအတွက် အရေးအကြီးဆုံးတွေက
နေရောင်နဲ့ရေ ပါပဲဗျ။
ကဲ ပထမဦးဆုံး
1️⃣#နေရောင်ခြည်နဲ့ပတ်သက်သာအရင်ပြောရအောင်။
🔶သစ်ခွတစ်ပင်ကြီးထွားဖို့အတွက် အခက်အခဲဆုံးတွေထဲက တစ်ခုကတော့ မှန်ကန်တဲ့နေရောင်ခြည်ပမာဏကို ရရှိအောင်လုပ်ပေးဖို့ပါပဲ။ တချို့သစ်ခွတွေကြတော့ တိုက်ရိုက်နေရောင်မလိုပြန်ဘူး။
🔶အကောင်းဆုံးနည်းကတော့ နေထွက် နေ၀င်ဖြစ်တဲ့ အရှေ့နဲ့အနောက်က ပြတင်းပေါက်တွေမှာ ထားလိုက်ရုံပါပဲ။ဒါဆို အရှေ့အရပ်မှာထားတဲ့အပင်က နေ အနောက်ရောက်သွားရင် နေဒဏ်ထိမှာ မပူရတော့ဘူးလေ။
🔶အရွက်လေးတွေ ညိုးလာပြီဆိုရင်တော့ (ညိုပုပ်ရောင်)ဒါဟာနေအပူရှိန်လွန်ပြီး နေပူလောင်တာပေါ့။အဲ့ဒီအချိန်ကျရင် တိုက်ရိုက်နေရောက်မရနိုင်တဲ့နေရာမှာ အပင်ကို ရွေ့ထားဖို့ လိုပါပြီ။
2️⃣#ဘယ်လိုရေလောင်းပေးမလဲ။
မမှန်မကန်ရေလောင်းမိတာဟာ တခြားအကြောင်းအရာ
တွေထက် သစ်ခွပင်လေးတွေကို ပိုသေစေနိုင်ပါတယ်။
ရေလောင်းတာက မရှုပ်ထွေးပါဘူး။ဒါပေမယ့် အိမ်မှာရှိတဲ့တခြားအပင်တွေကို ရေလောင်းသလိုတော့ သစ်ခွကို ရေမလောင်းမိပါစေနဲ့။ ဘယ်လိုရေလောင်းရမလဲသိဖို့အတွက် အရင်ဆုံး သစ်ခွပင်ရဲ့အမြစ်တွေအကြောင်း သိဖို့လိုအပ်ပါတယ်ဗျ။
✅#သစ်ခွရဲ့အမြစ်တွေကို Velamenလို့ခေါ်တဲ့ သစ်သျူးအလွှာပါးလေးနဲ့ ဖုံးထားပါတယ်။ဒီအလွှာပါးလေးရဲ့လုပ်ဆောင်ချက်က
✅ရေတွေအများကြီးကို မြန်မြန်စုပ်ပေးနိုင်တယ်။
✅သစ်ခေါက်တွေလို ကြမ်းတမ်းတဲ့ မျက်နှာပြင်မှာ တွယ်ကပ်ပေးနိုင်တယ်။
✅အဟာရဓာတ်တွေ၊ဆားဓာတ်တွေကို ဖလှယ်ပေးနိုင်တယ်။
✅ရေတိုင်းတဲ့မီတာလိုပဲ သစ်ခွရေလိုနေပြီဆိုတာအချက်ပြပေးတယ်။
✅ခြောက်သွေ့တဲ့velamenက အဖြူရောင်နဲ့ငွေရောင်။
ရေ၀နေတဲ့ဟာက အစိမ်းရောင်နဲ့ပြောက်ကျားရောင်။
⛔#ရေလောင်းခြင်းနဲ့ပတ်သက်ပြီးလွဲမှားမှုများ
❗ရေမကြာခဏလောင်းခြင်း❌
အမှန်ဆုံးကတော့ ခြောက်မှလောင်းပါ။
❗ညမှာရေလောင်းခြင်း❌
ဘယ်သစ်ခွအမျိူးအစားပဲ ဖြစ်ပါစေဗျာ …ရေကို မနက်မှာပဲလောင်းပါ။ ညဘက်မှာရေလောင်းတာဟာ အလွယ်မှတ်ရရင် မှိုကျတတ်တယ်။ဘာလို့ကျသလဲဆိုရင် (အဒွန့်တက်ချင်သူများအတွက်🙄) ရေလောင်းများတာရယ်၊ လေ၀င်လေထွက် မကောင်းတာရယ်၊ အပူချိန်နည်းတာရယ် သူံးမျိုးစပ်ပြီး ဖြစ်။ဒါကြောင့် ညဘက်မှာ သစ်ခွပင်ကို ခြောက်သွေ့နေပါစေ။✓
❗အပင်ကအချက်ပေးတာကို လျစ်ချူရှုခြင်း❌
Pseudobulbလို့ခေါ်တဲ့ အရွက်ရဲ့အောက်က ရိုးတံတွေဟာ ဖောင်းဖောင်း ပြည့်ပြည့်လေးဖြစ်ရမယ်။အရွက်တွေဟာလဲ အိုးပေါ်မှာ ဝေဆာထောင်မတ်နေရမယ်။ အရွက်လေးတွေ အမြစ်လေးတွေ ပုပ်လာရင် ကပ်ကြေးလေးနဲ့ ညှပ်ပေးရတယ်။
လူလိုပဲပေါ့။ရေဆာရင် ရေသောက်။ဗိုက်ဆာရင် အစားစားပေးရ။ညောင်းရင် နှိပ်နှယ်ပေးရ🙄။
3️⃣#သစ်ခွပြန်ပွင့်ဖို့ဆောင်ရန်ရှောင်ရန်အချက်များ
🌅၁) နေရောင်ခြည်။✔️
တန်ဆေးလွန်ဘေး စကားပုံက ပန်းပွင့်ဖို့အတွက်လဲ မှန်နေပြန်ရော။ နေရောင်ခြည်လုံလောက်စွာမရရင်လဲ မပွင့်သလို များသွားပြန်ရင်လဲ မပွင့်ဘူးတဲ့ဗျာ။ နေနဲ့တိုက်ရိူက်ထိတဲ့နေရာမှာဆို အရွက်လေးတွေ နေလောင်တတ်တယ်။ဒါကြောင့် နေရောင်ခြည် တိုက်ရိုက်မရတဲ့နေရာမှာ ထားပါ။
♨️၂)အပူချိန်✔️
၆၅-၇၅°F ကြားမှာ ထားဖို့လိုပါတယ်။ ရာသီဥတုအပြောင်းအလဲ၊နေရာအပြောင်းအလဲကို လုံး၀မကြိုက်ပါဘူး။ဒါကြောင့် သစ်ခွလေးတွေကို နေရာတစ်သတ်မှတ်ထဲ ထားဖို့ အကြံပေးချင်ပါတယ်ဗျ။
💊၃) အားဆေး✔️
ဆေးကတော့ အမျိုးမျိုးရှိတာပေါ့လေ။
အရွက်အားဆေးတို့။အပွင့်အားဆေးတို့ရှိတာကိုး။
မြန်မာပြည်မှာလည်း တံဆိပ်အမျိူးမျိုးနဲ့ရောင်းနေကြတယ်။ ကျွန်တော်တို့ကတော့ “သွန်းသွန်းလေး”တံဆိပ်ကို သူံးပါတယ်။ရောင်းပါတယ်ဗျ။
🥗၄) ပန်းအိုးလဲရမယ်✔️
အိုးထဲကနေ အမြစ်တွေ ပိုလျံထွက်လာရင် လေ၀င်လေထွက်မရှိဘဲ အမြစ်တွေအသက်ရှုပ်ကြပ်လာနိုင်တယ်။ သစ်ခွမှာတော့ အမြစ်ကအဓိကမို့ အရွက်ထက် အမြစ်ကို ပိုဂရုစိုက်ရပါမယ်။ အမြစ်တွေဟာ အညိုရောင်ဖြစ်လာမယ် သို့မဟုတ် အိုးကိုလျံကျနေပြီဆိုရင် အိုးလဲပေးလိုက်ပါတော့။
🥛၅) ရေအနည်းအများ✔️
ရေများလွန်းတာဟာ ပန်းမပွင့်စေတဲ့အချက် တချက်ပါပဲ။ အရွက်လေးတွေ ရိပြီး ပုပ်လာမယ်။အမြစ်တွေအညိုရောင် ပြောင်းလာမယ်ဆိုရင် ရေများနေပြီလို့ သိထားရပါမယ်။ ဒီလိုအခြေအနေဆို တစ်ပတ်လောက်ရေမလောင်းဘဲ ခြောက်အောင်ထားလိုက်ပါ။
ရေနည်းရင်လဲ အလားတူပါပဲ။
⛔ရေအနည်းအများဟာ ကိုယ့်ဒေသရဲ့ ရာသီဥတုအခြေအနေပေါ်မူတည်တာမို့ ကျွန်တော်ကတော့ ရေများနေရင် ရေနည်းနဲ့နေရင် အပင်က ဘယ်လိုအချက်ပြသလဲဆိုတာကိုပဲ ရှင်းပြခဲ့ပါတယ်။❗❗
Credit>>>Original Uploader
Reference’s: http://www.orchidmadeeasy.com
http://www.justaddiceorchids.com
Photos ;From Tweeter & my own Plants